ရီးယဲလ်ကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီး

Published 3 weeks ago by Admin
ရီးယဲလ်ကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ မန်စီးတီး --------------------------------------------------- မန်စီးတီး ၄ - ၀ ရီးယဲလ် မန်စီးတီးအသင်းရဲ့ အကောင်းဆုံးပွဲစဥ်တစ်ပွဲပါ။ ချန်ပီယံခြေစွမ်းကို ပြသခဲ့တဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ ရီးယဲလ်အသင်းကတော့ ဒီပွဲမှာ မန်စီးတီးကို ယှဥ်ဖို့ ခက်ခဲ့​ပြီး မန်စီးတီး ကစားကွက်အောက်မှာသာ မြောနေခဲ့ရပါတယ်။ ပထမပိုင်းမှာတင် (၂)ဂိုးပြတ်ရှုံးနေခဲ့ပြီး ခြေစွမ်းအရလည်း ရီးယဲလ်အသင်းပြန်လာဖို့မဖြစ်နိုင်တော့တဲ့အထိ မန်စီးတီး က ကောင်းခဲ့တာပါ။ မန်စီးတီးအသင်းအတွက် ပထမပိုင်းက သွင်းဂိုး(၂)ဂိုးကိုတော့ ဘာနာဒိုဆေးဗားလ် က ပွဲချိန်(၂၃)မိနစ်နဲ့ (၃၇)မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာနာဒိုဆေးဗားလ် ရဲ့ ပထမဂိုးမှာတော့ အသင်းလိုက်နားလည်မှုပြည့်ဝတဲ့ အတွဲအဖက်တွေကိုမြင်ခဲ့ရပါတယ်။ ဒုတိယဂိုးကိုတော့ လွယ်လွန်းတယ်လို့ပြောချင်ပြီး ရီးယဲလ်အသင်းရပ်ကြည့်နေတဲ့ အနေအထားမျိုးဖြစ်ခဲ့တဲ့အထိ ရီးယဲလ်အသင်း အာရုံစူးစိုက်မှု အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေကိုသာထပ်မြင်ခဲ့ရပြီး ရီးယဲလ်အသင်းကတော့ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ပွဲချိန်(၇၆)မိနစ်မှာ အကန်ဂျီ က တတိယဂိုး ၊ ပွဲချိန်(၉၀+၁)မိနစ်မှာ အယ်ဗာရက်ဇ် က ပွဲသိမ်းစတုတ္ထဂိုးကို သွင်းယူခဲ့ပြီး မန်စီးတီးရဲ့အနိုင်ကို ပြတ်သားစေခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ခဲ့ပြီး ရီးယဲလ်အတွက်တော့ အီတီဟတ်က ခက်ခဲတဲ့နေရာတစ်ခုပါပဲ။ (၂)ကျော့ပေါင်းရလဒ်မှာတော့ မန်စီးတီးအသင်းက ရီးယဲလ်ကို (၅-၁)နဲ့အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။
တန်းဆင်းခဲ့ရတဲ့ ချန်ပီယံဟောင်း လက်စတာ

တန်းဆင်းခဲ့ရတဲ့ ချန်ပီယံဟောင်း လက်စတာ ---------------------------------------- ပရီးမီးယားလိဂ်နေ...

Read More
အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဆာကာ

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဆာကာ --------------------------------------------- အာ...

Read More
ပိုချက်တီနို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ အပေါ် မှတ်ချက်ပေးသွားတဲ့ ရာဟင်း စတာလင် For Test

<p>ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ လာမယ့် ဘောလုံးရာသီ အတွက် နည်းပြသစ် အဖြစ် တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည...

Read More
မန်ယူ - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက်

မန်ယူ - ချယ်လ်ဆီး ပွဲကြိုသုံးသပ်ချက် မန်ယူ - ချယ်လ်ဆီး သောကြာမနက် (၁:၃၀)နာရီ မန်ယူအသင်းက ဒီ...

Read More
ဂွါဒီယိုလာ ကို စောင့်ကြိုနေတဲ့ ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းတစ်ခု

ဂွါဒီယိုလာ ကို စောင့်ကြိုနေတဲ့ ပရီးမီးယားလိဂ်ရဲ့ မှတ်တမ်းတစ်ခု -----------------------------------...

Read More