နူးနက်ကို စောစောစီးစီး လူစားလဲခဲ့တဲ့ အကြောင်းရင်း နဲ့ လီဗာပူးတို့ စပယ်ရှယ် performance ကို မပြသနိုင်ခဲ့ဘူးလို့ ဆိုလိုက်တဲ့ ကလော့

Published 4 days ago by Admin

လီဗာပူးဟာ မနေ့ညက ဘာနေဗျူးမှာ ရီးရဲယ်မက်ဒရစ်ကို ကာရင်ဘန်ဇီးမားရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့ အတူ ရှုံးနိမ့်ကာ ၂ ကျော့ပေါင်း ၆-၂ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဖလားလက်မဲ့ရာသီကို ကြုံလိုက်ရပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဆာလား အလက်ဇန်းဒါးအာနိုး တို့ဟာ ကစားပုံတွေ ဆိုးရွားခဲ့ကြပေမယ့်လည်း ကလော့ဟာ ဒုတိယပိုင်းအစမှာတင် ရီးရဲယ်ခံစစ်ကို ကောင်းစွာ ဖိအားပေးနိုင်တဲ့ ဒါ၀င်နူးနက်ကို လူစားလဲထိုးမှု လုပ်သွားခဲ့ပြီး ကလော့ရဲ့ လူစားလဲမှုတွေဟာ အလုပ်မဖြစ်ခဲ့ဘဲ အသင်းရဲ့ ကစားပုံက ပိုဆိုးသွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကလော့က နူးနက်ကို လူစားလဲပစ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့ပါတယ်။ ကလော့က “ဒါ၀င်ကို ကြည့်ရတာ လုံး၀ ထိပ်တန်း level မှာ ရှိမနေခဲ့ပါဘူး။ အဲဒီနောက် ကျနော်တို့ အဲဒီဘက်ခြမ်းကို defend ကောင်းကောင်း လုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအခြေအနေမှာ ဂိုးပေးလိုက်ရတာဟာ ကောင်းတဲ့ အခြေအနေ မဟုတ်လို့ပါပဲ။ အမှန်ပါပဲ။ ကျနော်တို့ အဲဒီနေရာမှာ အပြောင်းအလဲ လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ သူ့ကို လူစားလဲခဲ့တာပါ။ ပြီးတော့ ကျနော်တို့ အနည်းငယ် mix လုပ်ချင်ခဲ့ပါတယ်။” လို့ ရှင်းပြလိုက်ပါတယ်။ ဆက်လက်ပြီး ကလော့က ဒီပွဲစဉ်မှာ လီဗာပူးဟာ နောက်တဆင့်ကို တက်ရောက်နိုင်ရန် အံ့ဖွယ်အရာတွေကို ပြုလုပ်သွားရမယ် ဆိုတာ ကောင်းကောင်း သိနေပေမယ့် လီဗာပူးဟာ အကောင်းဆုံး performance ကို ပြသနိုင်ရန် တော်တော်ဝေးဝေးကို ရောက်နေခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ကလော့က “ကျနော်တို့ စပယ်ရှယ် ကစားပုံကို လိုအပ်ခဲ့ပေမယ့် ဒီညမှာ ဒီစပယ်ရှယ် performance ကို မပြသနိုင်ခဲ့ပါဘူး။ ကျနော်တို့ တစ်ချို့ အခိုက်အတန့်တွေမှာ ကောင်းမွန်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်ဟာ ပွဲချိန်အများစုကို ထိန်းချုပ် ကစားသွားခဲ့ပါတယ်။ သူတို့က ပိုကောင်းတဲ့ အခွင့်အရေး ရခဲ့တာပါ။ အလီဟာ တအားကောင်းတဲ့ ကာကွယ်မှု ၂ ကြိမ်ကို လုပ်နိုင်ခဲ့လို့သာ ဒီထက် ဂိုးမပေးခဲ့ရတာပါ။ နောက်တဆင့်ကို တက်ချင်တယ်ဆိုရင် ၊ ဒီပွဲကို နိုင်ချင်တယ်ဆိုရင် ကိုယ့်အနေနဲ့ တအားကို ကောင်းနေဖို့ လိုအပ်ပါတယ်။ မက်ဒရစ်က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ဒါ့ကြောင့် သူတို့ဟာ နောက်တဆင့်ကို တက်ဖို့ ထိုက်တန်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။ ပွဲအပြီးမှာ ရီးရဲယ်မက်ဒရစ် အသင်းဘက်က လီဗာပူးရဲ့ ‘You’ll Never Walk Alone’ သီချင်းကို ဖွင့်ပေးခဲ့တဲ့ အပေါ် ကလော့က “ပွဲအပြီးမှာ ဒါကို ကျနော့်ရဲ့ ၀န်ထမ်းတွေက လာပြောခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ gesture ပါပဲ။ ကျနေ်ာတို့ဟာ နိုင်ငံတကာအဆင့်မှာ မကြာခဏ ဆုံတွေ့လေ့ ရှိတဲ့ အသင်းကြီး ၂ သင်းပါ။ ကျနေ်ာတို့ကြားမှာ လေးစားမှု အပြည့် ရှိနေတယ်ဆိုတာ ရှင်းလင်းပါတယ်။ ဒီလိုမျိုး ဘယ်သူပဲ လုပ်ခဲ့သည် ဖြစ်စေ ဒါဟာ ကောင်းမွန်တဲ့ gesture ပဲလို့ ကျနော် ပြောရမှာပါ။”

Anna Maria Doe

Lorem ipsum dolor sit amet consectetur adipisicing elit. Distinctio est ab iure inventore dolorum consectetur? Molestiae aperiam atque quasi consequatur aut? Repellendus alias dolor ad nam, soluta distinctio quis accusantium!

Material Design for Bootstrap 5

500+ components, free templates, 1-min installation, extensive tutorial, huge community. MIT license - free for personal & commercial use

Download for free
Learn the newest Bootstrap 5