နွေရာသီမှာ ညာနောက်ခံလူတစ်ဦး မဖြစ်မနေ ၀ယ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ကာရေဂါ

Published 4 days ago by Admin

ဂျေမီကာရေဂါက လီဗာပူး အနေနဲ့ ထရန့်အလက်ဇန်းဒါးအာနိုး အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို အနည်းငယ် ပြေလျော့စေရန် ညာနောက်ခံလူ တစ်ဦး ၀ယ်ယူသွားဖို့ လိုအပ်တယ်လို့ ပြောလိုက်ပြီး ထရန့်ရဲ့ ခံစစ် ကစားပုံဟာ ဘယ်တော့မှ ကောင်းလာနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ကလော့ရဲ့ လက်အောက်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ လီဗာပူး အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ တွေထဲက တစ်ဦး အဖြစ် တောက်ပခဲ့ပါတယ်။ ဒီရာသီမှာတော့ ၎င်းရဲ့ ခံစစ်ကစားပုံတွေဟာ တော်တော်များများရဲ့ အနီးကပ်စောင့်ကြည့်မှုကို ခံနေရပြီး လီဗာပူးတို့ မနေ့ညက ရီးရဲယ်ကို ဘာနေဗျူးမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဗီနိရှက်ဂျူနီယာကို လုံး၀ ထိန်းမနိုင် ဖြစ်ခဲ့ပြီး ခက်ခဲတဲ့ ညနေခင်းကို ပိုင်ဆိုင်ခဲ့ကာ ဘန်ဇီးမား သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ ၎င်းရဲ့ အမှားလည်း မကင်းခဲ့ပါဘူး။ လီဗာပူးဟာ နွေရာသီက အဘာဒင်းက ကယ်ဗင်ရမ်ဆေးကို အားဖြည့်ကာ ထရန့်ရဲ့ ကာဗာ အဖြစ် အသုံးချဖို့ ကြိုးစားခဲ့ပေမယ့်လည်း စကော့တလန် လူငယ် ကစားသမားဟာ အန်ဖီးမှာ တစ်ရာသီလုံး ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရကာ အသင်းကြီး အတွက် သုံးမရ ဖြစ်နေပြီး အလက်ဇန်းဒါးအာနိုးကသာ နောက်ခံလူ စစ်စစ်အဖြစ် ရှိနေခဲ့ပါတယ်။ ကာရေဂါက ညာနောက်ခံလူ နေရာမှာ ပြိုင်ဆိုင်မှု ကင်းမဲ့နေခြင်းဟာ အလက်ဇန်းဒါးအာနိုး ရုန်းကန်နေရတဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ကာရေဂါက “ဒီရာသီ ထရန့်ရဲ့ ခံစစ်ကစားပုံ အားနည်းနေတဲ့ ပုံစံမျိုးကို အနာဂတ်မှာ လီဗာပူးတို့ ဆက်လက် လက်ခံသွားလို့ မရပါဘူး။ ပြသနာ ကတော့ ညာနောက်ခံလူ နေရာမှာ ထရန့်အတွက် ပြိုင်ဆိုင်မှု လုံး၀ကို မရှိတာပဲ ဖြစ်ပါတယ်။ သူဟာ လီဗာပူး အတွက် တအားကို ကောင်းခဲ့တာကြောင့်လည်း ဒီလို ဖြစ်နေတာ ဖြစ်ပါတယ်။ လီဗာပူး ဘက်က အတွေးက အပတ်တိုင်း ကစားခွင့်ရမှာ မဟုတ်တဲ့ ကစားသမား တစ်ဦး အတွက် ဘယ်လောက် သုံးစွဲသွားမှာလဲ ၊ ဘယ်သူ့ကို ၀ယ်ယူရမလဲ ဆိုတာပါပဲ။ ဒါပေမယ့် အခုချိန်မှာတော့ လီဗာပူးဟာ ညာနောက်ခံလူ တစ်ဦးကို မဖြစ်မနေ ၀ယ်ယူသွားရမယ့် အချိန် ကျရောက်နေပါပြီ။ ဘယ်လောက်ကောင်းတဲ့ ညာနောက်ခံလူလဲ ၊ သူ ဘယ်လောက် ကုန်ကျမလဲ ဆိုတာ ကတော့ ယာဂန်ကလော့ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမယ့် ဒီကောင်လေး အတွက် တကယ့်ကို ပြိုင်ဆိုင်မှု လိုအပ်နေပါတယ်။ သူဟာ ထိပ်တန်းအဆင့်မှာ ၅ နှစ်လောက် အပတ်တိုင်း ကစားလာခဲ့တဲ့သူပါ။ သူဟာ အကောင်းဆုံး လုပ်ပြခဲ့သူ ဖြစ်ကာ ကျနော် သူ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် သူ့အတွက် အကူအညီ လိုအပ်ပါတယ်။ ရာသီကုန်ချိန်မှာတော့ သူဟာ ညာနောက်ခံလူ တစ်ဦး အနေနဲ့ ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို သေချာစဉ်းစားရမှာ ဖြစ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။ ဆက်လက်ပြီး ကာရေဂါက “သူဟာ ခံစစ်ပိုင်းမှာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးဆိုတာ အားလုံးသိပြီးသားပါ။ အနာဂတ်မှာ ကောင်းလာနိုင်ပမလား ဆိုတာကို ကျနော်လည်း မသိပါဘူး။ ကျနော်တို့ဟာ ပွဲပေါင်း ၂၆၀ ကျော် ကစားထားခဲ့တဲ့ ကစားသမားအကြောင်း ပြောနေတာပါ။ သူ့အနေနဲ့ ဒီအပိုင်းမှာ အများကြီး တိုးတက်ဖို့ လိုအပ်နေပါပြီ။ လီဗာပူးတို့ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် မရှိတော့တဲ့ အချိန်မှာ ခံစစ်ကို အသေအချာ အာရုံစိုက်ပြီး တိုက်စစ်ကို လိုက်ပါမှုကို အနည်းငယ် လျှော့သွားရမှာပါ။ ဒီအချိန်မှာ ထရန့်ရဲ့ ဆိုးရွားတဲ့ အရာတွေကို မြင်နေရပြီး ခံစစ်ဟာ သူ့ရဲ့ အားသာချက် မဟုတ်တာကတော့ ကြီးမားတဲ့ ပြသနာပါပဲ။ ကလော့ ထွက်သွားချိန်မှာ ဒီပြသနာက ပိုကြီးသွားမယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ လီဗာပူးသာ နှစ်တိုင်း ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ ကြိုးစားသွားမယ်ဆိုရင် ထရန့်ဟာ ညာနောက်ခံလူ နေရာမှာ ကိုယ်အားကိုးလို့ရမယ့်သူလို့ ကျနော် မထင်ပါဘူး။ လီဗာပူးတို့ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ပြန်ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူဟာ ကိုယ်အားကိုးရမယ့်သူပါပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ ဒီကောင်လေးကို ကူညီဖို့ လိုအပ်ပါတယ်။”

Anna Maria Doe

Lorem ipsum dolor sit amet consectetur adipisicing elit. Distinctio est ab iure inventore dolorum consectetur? Molestiae aperiam atque quasi consequatur aut? Repellendus alias dolor ad nam, soluta distinctio quis accusantium!

Material Design for Bootstrap 5

500+ components, free templates, 1-min installation, extensive tutorial, huge community. MIT license - free for personal & commercial use

Download for free
Learn the newest Bootstrap 5